နာတာရှည် ကျောက်ကပ်ရောဂါ

နာတာရှည် ကျောက်ကပ်ရောဂါဆိုတာ ဘာလဲ။

KIDNEYS_LINE_BLUE_SMALL.png

CKD ရောဂါဆိုသည်မှာ အကြောင်းရင်းတစ်ခု သို့မဟုတ် များစွာကြောင့် အမြဲတမ်းရှိနေပြီး ပိုဆိုးရွားလာသော ကျောက်ကပ်စွမ်းဆောင်ရည် ဆုံးရှုံးမှုရှိသည့် ရောဂါအခြေအနေတစ်ရပ် ဖြစ်ပါသည်။

MAGNIFYINGGLASS_QUESTIONMARK_LINE_BLUE_SMALL.png

CKD ရောဂါသည် အလွန်ဆိုးရွားသည့်အဆင့် မရောက်မချင်း များသောအားဖြင့် သတိမမူမိဘဲ ဖြစ်သွားတတ်သည့် အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်သည်။ သို့သော် စောလျင်စွာ ရောဂါရှာဖွေပြီး ကုသပါက များသောအားဖြင့် CKD ရောဂါ အရှိန်လျော့သွားနိုင်ပါသည် သို့မဟုတ် ပျောက်သွားနိုင်ပါသည်။


WORLD_LINE_BLUE_SMALL.png

2017 ခုနှစ်တွင် CKD ရောဂါရှိသည့် လူအရေအတွက်မှာ 8% နှင့် 16% ကြား ရှိပြီး ကမ္ဘာအနှံ့ အရွယ်ရောက်လူ သန်း 700 အပေါ် ထိခိုက်မှုရှိကြောင်း အများစုက ခန့်မှန်းကြပါသည်။
 [2,8]

ကျောက်ကပ်၏ ပင်မလုပ်ငန်းဆောင်တာမှာ သွေးတွင်းမှ စွန့်ထုတ်ပစ္စည်းနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ရန် ဖြစ်ပါသည်။ စွန့်ထုတ်ပစ်ရမည့် ပစ္စည်းများနှင့် ပိုလျှံသော အရည်များကို ဆီးမှတဆင့် စွန့်ထုတ်ရင်း ကျောက်ကပ်ကို ဖြတ်သန်းစီးဆင်းသွားသည့် သွေးကို စစ်ထုတ်ခြင်းဖြင့် ထိုလုပ်ငန်းဆောင်တာကို လုပ်ဆောင်ပါသည်။

ရောဂါနုသေးသည့်အဆင့်တွင် အဆိပ်အတောက် ဓာတ်ပစ္စည်းများ စွန့်ထုတ်ခြင်း၊ ရေမျှခြေညှိခြင်းနှင့် ဟော်မုန်းအချို့ ထုတ်ပေးခြင်း ကဲ့သို့သော လုပ်ငန်းဆောင်တာများကို ကျောက်ကပ်က တစ်ပိုင်းတစ်စ လုပ်ဆောင်နိုင်သေးကာ ရောဂါရင့်လာသည်နှင့်အမျှ ကျောက်ကပ်သည် ၎င်း၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စွမ်း ပို၍ပို၍ နည်းပါးလာပါသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဆီးအတွင်း စွန့်ထုတ်သော အဆိပ်အတောက် ဓာတ်ပစ္စည်းများသည် သွေးနှင့် ကိုယ်အင်္ဂါများအတွင်း လည်ပတ်နေပါသည်။ ဤဓာတ်ပစ္စည်းများသည် ခန္ဓာကိုယ်၏ မျှခြေနှင့် ကိုယ်တွင်း မျှခြေညီမှုကို ပျက်စီးစေပါသည်။ 

ထို့အပြင် ကျောက်ကပ်သည် သွေးထုတ်လုပ်ရေးနှင့် အရိုးဇီဝဖြစ်ပျက်မှုအတွက် လိုအပ်သော ဟော်မုန်းများကို ပို၍နည်းနည်းသာ ထုတ်ပေးပါတော့သည်။ CKD သည် ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သည့် နောက်ဆုံးအဆင့်ကို ရောက်နိုင်ပြီး (ကျောက်ကပ်ဆေးခြင်းဟု ခေါ်သည့်) သွေးစစ်ထုတ်မှု သို့မဟုတ် ကျောက်ကပ်

အစားထိုးကုသမှုကို လိုအပ်ပါမည်။

US နိုင်ငံတွင် CKD ရောဂါသည် အရွယ်ရောက် လူဉီးရေ၏ 15% အထိ ဆိုးကျိုးဖြစ်စေပြီး အရွယ်ရောက်လူ 7 ဦးလျှင် 1 ဦးထက်ပိုသော လူများနှင့် CKD ရောဂါရှိသူများ၏ 90% ခန့်သည် ရောဂါရှိမှန်းပင် မသိကြပါ။ အရွယ်ရောက် အမေရိကန်လူမျိုး 3 ဦးလျှင် 1 ဦး (လူ သန်း 80 ခန့်) သည် CKD ရောဂါ ဖြစ်နိုင်သည့်အန္တရာယ် ရှိပါသည်။ [3]

CKD သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုဆိုးလာနိုင်ပါသည်။ ကျောက်ကပ်ရောဂါ မဆိုးရွား မပြင်းထန်မချင်း မိမိတွင် ကျောက်ကပ်ရောဂါရှိမှန်း မသိသော လူများစွာ ရှိပါသည်။ သို့သော် စောလျင်စွာ ရောဂါရှာဖွေပြီး ကုသပါက များသောအားဖြင့် CKD ရောဂါ အရှိန်လျော့သွားနိုင်ပါသည် သို့မဟုတ် ထိန်းချုပ်သွားနိုင်ပါသည်။

 

 

ကိုးကားချက်များ

 

  1. Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
  2. “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။ 
  3. National Kidney Foundation
  4. KidneyFund.org
  5. Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2012 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 1–150.
  6. Kidney Disease: Improving Global Outcomes (KDIGO) Lipid Work Group. KDIGO Clinical Practice Guideline for Lipid Management in Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 259–305.
  7. “Diabetic Nephropathy”, American Diabetes Association, Diabetes Care 2002 Jan; 25 (suppl 1): s85-s89.
  8. Global, regional, and national burden of chronic kidney disease, 1990–2017: a systematic analysis for the Global Burden of Disease Study, 2017.

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

CKD ရောဂါ ကုသနည်း