ရောဂါအခြေအနေ ကြိုတင်သုံးသပ်မှုနှင့် ကုသမှု
ရောဂါအခြေအနေ ကြိုတင်သုံးသပ်မှု
လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါသည် ကုသစီမံနိုင်သည့် ရောဂါတစ်မျိုး ဖြစ်ပြီး သင်နှင့် သင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့်အဖွဲ့အကြား အနီးကပ် ပြောဆိုဆက်ဆံရန် လိုအပ်ပါလိမ့်မည်။ လူနာများသည် နှစ်ပေါင်းများစွာ ဆေးဝါးများ သောက်သုံးရန် သို့မဟုတ် ကုသမှုခံယူရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ သို့သော် ရောဂါလက္ခဏာ နည်းပြီး ရောဂါပြင်းထန်မှု နည်းသော လူနာများပင် အချိန်ကာလအလိုက် ပုံမှန်ဆေးစစ်သင့်ပါသည်။
ကုသနည်း
မိမိဆဲလ်များနှင့် တစ်သျှူးများကို မိမိခန္ဓာကိုယ်၏ ခုခံအားစနစ်မှ တိုက်ခိုက်ခြင်းအား ဟန့်တားပေးမည့် ဆေးဝါးများအပြင် SLE နှင့် LN ရောဂါဆိုင်ရာ အခြားလက္ခဏာအချို့ကို ထိန်းပေးမည့် ဆေးဝါးများဖြင့် LN ရောဂါကို ကုသနိုင်ပါသည်။ ကုသနည်းတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် -
• Corticosteroids နှင့် immunosuppressive (ခုခံအားစနစ်ကို ဖိနှိပ်သည့်) ဆေးဝါးများ- ကျောက်ကပ်ကို မိမိခုခံအားစနစ်မှ တိုက်ခိုက်ခြင်းအား ဟန့်တားရာတွင် ဤဆေးဝါးများကို သုံးပါသည်။
> Steroids - ခုခံအား တုံ့ပြန်မှုကို လျှော့ချခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ပေးပြီး အာနိသင်အမြန် ပြပါသည်
> Calcineurin inhibitors - ခုခံအားစနစ်၏ အချို့အစိတ်အပိုင်းများ လှုပ်ရှားလုပ်ဆောင်ချက်ကို ဟန့်တားပေးပြီး ကျောက်ကပ်ရောင်ရမ်းခြင်းနှင့် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါသည်
> Chemotherapy - ခုခံအားစနစ်၏ လှုပ်ရှားလုပ်ဆောင်ချက်ကို လျှော့ချပေးသည့် chemotherapy ဆေးတစ်မျိုးဖြင့် အချို့လူနာများကို ကုသပေးနိုင်ပါသည်
> Antimetabolites - အင်ဇိုင်းများကို ပစ်မှတ်ထားခြင်းဖြင့် ခုခံအားစနစ်၏ လှုပ်ရှားဆောင်ရွက်ချက်ကို လျှော့ချပေးနိုင်ပါသည်
• Hydroxychloroquine - ငှက်ဖျားကုသဆေးတစ်မျိုးဖြစ်ပြီး လူးပပ်စ်လူနာများတွင် ခုခံအားစနစ် ချိန်ညှိပေးရာတွင် အထောက်အကူ ဖြစ်စေပါသည်။
• Monoclonal antibodies - ခုခံအားစနစ်၏ လှုပ်ရှားဆောင်ရွက်ချက်ကို လျှော့ချပေးရာတွင် သုံးနိုင်ပြီး SLE နှင့် LN ရောဂါလက္ခဏာများ လျော့ကျအောင် ကူညီပေးနိုင်ပါသည်။
• Angiotensin-converting enzyme (ACE) inhibitors နှင့် angiotensin receptor blockers (ARBs)- သွေးပေါင်ထိန်းညှိဖို့ ဤဆေးများကို သုံးပါသည်။
• Diuretics (ဆီးရွှင်ဆေး)- သင့်ခန္ဓာကိုယ်နှင့် ကျောက်ကပ်မှ ပိုလျှံသော အရည်နှင့် ဖူးယောင်မှုကို ဖယ်ရှားစွန့်ထုတ်ရာတွင် ဤဆေးများက အထောက်အကူပြုပါသည်။ ဤဆေးများသည် သွေးပေါင်ထိန်းညှိရာတွင်လည်း အလုပ်ဖြစ်ပါသည်။
• အစားအသောက် ချိန်ညှိခြင်း- နေ့စဉ်အစားအသောက်တွင် ငန်သောအစာများ (ဆိုဒီယမ်) နှင့် ပရိုတိန်းဓာတ်များ လျှော့စားခြင်းက ကျောက်ကပ်ဒဏ်ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါသည်။
ကိုးကားချက်များ
1. Anders HJ, Saxena R, Zhao MH, Parodis I, Salmon JE, Mohan C. Lupus nephritis. Nat Rev Dis Primers. 2020 Jan 23;6(1):7. Doi: 10.1038/s41572-019-0141-9. PMID: 31974366.
2. Pons-Estel GJ, Alarcón GS, Scofield L, Reinlib L, Cooper GS. Understanding the epidemiology and progression of systemic lupus erythematosus. Semin Arthritis Rheum. 2010 Feb;39(4):257-68. doi: 10.1016/j.semarthrit.2008.10.007. Epub 2009 Jan 10. Review.
3. GfK Roper. (2012). Lupus Awareness Survey for the Lupus Foundation of America [Executive Summary Report]. Washington, DC.
4. Hong WANG, Yi-le REN, Jun CHANG, Luo GU, Ling-Yun SUN. A Systematic Review and Meta-analysis of Prevalence of Biopsy-Proven Lupus Nephritis
Arch Rheumatol. 2018 Mar; 33(1): 17–25. Published online 2017 Jul 25. doi: 10.5606/ArchRheumatol.2017.6127
5. Liu CC, Kao AH, Manzi S, Ahearn JM. Biomarkers in systemic lupus erythematosus: challenges and prospects for the future. Therapeutic Advances in Musculoskeletal Disease. 2013;5(4):210–233
6. Madhok R. Systemic lupus erythematosus: lupus nephritis. BMJ Clin Evid. 2015;2015:1123. Published 2015 Dec 18.
7. Hahn BH, McMahon MA, Wilkinson A, et al. American College of Rheumatology guidelines for screening, treatment, and management of lupus nephritis. Arthritis Care Res. 2012;64(6):797-808.
8. Emily J. Sutton, Julie E. Davidson, Ian N. Bruce. The Systemic Lupus International Collaborating Clinics (SLICC) damage index: A systematic literature review. Seminars in Arthritis and Rheumatism, Volume 43, Issue 3, 2013, Pages 352-361. ISSN 0049-0172.
သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ