CKD (နာတာရှည် ကျောက်ကပ်ရောဂါ) ဖြစ်စေနိုင်သည့် ရောဂါအကြောင်းရင်းများ သို့မဟုတ် ရောဂါဖြစ်စေမည့်အန္တရာယ်များက ဘာလဲ။
နာတာရှည် ကျောက်ကပ်ရောဂါမှာ ကျောက်ကပ်လုပ်ငန်းဆောင်တာကို ထိခိုက်ပျက်စီးစေသော ရောဂါ တစ်ခုနှင့်အထက်ကြောင့် ဖြစ်လာပါသည်။
CKD အဓိက အကြောင်းရင်းနှစ်ခုမှာ ဆီးချိုရောဂါ (အချို့ဒေသများတွင် 40% အထိ) နှင့် သွေးပေါင်တက်ခြင်း (25%). [1]
ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများနှင့် အချို့သော မွေးရာပါရောဂါများကဲ့သို့သော အခြားအကြောင်းအချက်များသည်လည်း CKD ကို ဖြစ်စေနိုင်ပါသည်။
CKD ဖြစ်စေနိုင်သော ရောဂါအချို့ ရှိပါသည်။ ထိုရောဂါများထဲမှ တချို့မှာ - |
|
ဆီးချိုရောဂါ |
အမြဲတစေ သွေးတွင်းသကြားဓာတ် တက်ခြင်းက ကျောက်ကပ် corpuscles ၏ သေးငယ်သော သွေးကြောများကို ထိခိုက်ပျက်စီးစေပါသည် ("diabetic nephropathy")။ |
သွေးပေါင်တက်ခြင်း |
အမြဲတစေ သွေးပေါင်တက်ခြင်းက ကျောက်ကပ်၏ သွေးကြောများနှင့် ကျောက်ကပ်တစ်သျှူးကို ထိခိုက်ပျက်စီးစေပါသည် ("vascular hypertensive nephropathy")။ |
Glomerulonephritis (ကျောက်ကပ်၏ စစ်ထုတ်အစိတ်အပိုင်း ရောင်ရမ်းထိခိုက်မှု) |
"စစ်ထုတ်ပေးသော သွေးကြောများ" ဖြစ်ကြသည့် ကျောက်ကပ် corpuscles (glomeruli) ရောင်ရမ်းမှုနှင့် ဆက်စပ်သည့် ရောဂါအမျိုးမျိုး ပါဝင်သည်။ |
Tubulo-interstitial nephritis (ကျောက်ကပ်၏ တစ်သျှူးပြွန်နေရာ ရောင်ရမ်းမှု) |
၎င်းသည် urinary tubules (ဆီးလမ်းကြောင်းပြွန်များ) နှင့် ထိုပြွန်များပတ်ပတ်လည်နေရာကို ရောင်ရမ်းထိခိုက်စေပြီး အချို့သော ဆေးဝါးများ သို့မဟုတ် metabolic disorders (ဇီဝဓာတုဖြစ်ပျက်မှု ပုံမမှန်သည့် ရောဂါများ) အပေါ် မူတည်ပါသည်။ |
Polycystic (အရည်အိတ်များစွာဖြစ်ပေါ်လာသော) ကျောက်ကပ် |
မွေးရာပါ ဤရောဂါသည် ကျောက်ကပ်အတွင်း အရည်ပြည့်နေသော အလုံးများ (အရည်အိတ်များ) ဖြစ်စေပြီး ကျန်ရှိသော ကျောက်ကပ်တစ်သျှူးများအပေါ် ဖိအားသက်ရောက်စေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာကို အားနည်းစေပါသည်။ |
No filter results
CKD အတွက် ရောဂါဖြစ်စေမည့်အန္တရာယ်များတွင် အောက်ပါတို့ ပါဝင်သည် -
• မိသားစုမျိုးရိုးတွင် ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါရှိခြင်း၊
• အဝလွန်ခြင်း၊
• ဆီးကျောက်တည်သည့် ရောဂါရာဇဝင် ရှိခြင်း၊
• အသက် 60 နှစ်အထက်၊
• လူမျိုး / လူမျိုးစု - အာဖရိကန်လူမျိုး၊ အာရှလူမျိုးနှင့် လက်တင်/စပိန်စကားပြောမျိုးနွယ်ဖွားများသည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။
ကိုးကားချက်များ
- Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
- “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
- National Kidney Foundation
- KidneyFund.org
- Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2012 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 1–150.
- Kidney Disease: Improving Global Outcomes (KDIGO) Lipid Work Group. KDIGO Clinical Practice Guideline for Lipid Management in Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 259–305.
- “Diabetic Nephropathy”, American Diabetes Association, Diabetes Care 2002 Jan; 25 (suppl 1): s85-s89.
- Global, regional, and national burden of chronic kidney disease, 1990–2017: a systematic analysis for the Global Burden of Disease Study, 2017.
သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ