DKD ၏ စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများက ဘာတွေလဲ။

ဆီးအတွင်း albumin ဓာတ်/ပရိုတိန်းဓာတ် ပါဝင်ခြင်း

ယားယံခြင်း

အားနည်းခြင်း၊ ဖြူဖျော့ခြင်းနှင့် သွေးအားနည်းခြင်း

ခြေကျင်းဝတ်နှင့် ခြေသလုံး ဖူးယောင်ခြင်း၊ ခြေသလုံး ကြွက်တက်ခြင်း

အင်ဆူလင် သို့မဟုတ် ဆီးချိုကျဆေး လိုအင်နည်းလာခြင်း

မနက်ပိုင်း နေထိုင်မကောင်းခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း

အထူးသဖြင့် ညဘက်တွင် ဆီးသွားရသည့် အကြိမ်များခြင်း

သွေးပေါင်ချိန် မြင့်တက်ခြင်း (သွေးတိုး)
ထပ်ဆောင်း ရောဂါဖြစ်စေမည့်အန္တရာယ်များ ရှိပါသလား။
အချို့ ရောဂါဖြစ်စေမည့်အန္တရာယ်များသည်လည်း ဆီးချိုလူနာများတွင် DKD ရောဂါ ဖြစ်ပေါ်ခြင်းနှင့် ပြင်းထန်လာခြင်း ဖြစ်စေနိုင်ပါသည် -
• သွေးတွင်းသကြားဓာတ် အချိန်ကြာကြာများခြင်း- သွေးအတွင်း သကြားဓာတ် ပမာဏကို ကောင်းစွာ မထိန်းထားနိုင်ဖြစ်ကာ အချိန်ကြာမြင့်စွာ သကြားဓာတ် မြင့်တက်နေသည့် အခြေအနေ ဖြစ်ပါသည်။
• Dyslipidemia (သွေးတွင်းအဆီဓာတ်များ မျှခြေမညီခြင်း)- သွေးအတွင်း fatty acids (ဥပမာ - ကိုလက်စထရောဓာတ်နှင့် triglycerides ဓာတ်) ပမာဏ များခြင်း
• ဆေးလိပ်သောက်ခြင်း
• သွေးပေါင်တက်ခြင်း
• ယခင်က ကျောက်ကပ်ထိခိုက်ပျက်စီးထားခြင်း
• အစားအသောက်- ဆိုဒီယမ်ဓာတ်၊ ပရိုတိန်းဓာတ်နှင့် အဆီကြွယ်ဝသော အစားအစာများကလည်း ဆီးချိုရောဂါရှိသော လူနာများတွင် DKD ရောဂါဖြစ်လာနိုင်စေပါသည်။
ကိုးကားချက်များ
1. Radica Z. Alicic, Michele T. Rooney, Katherine R. Tuttle. CJASN Dec 2017, 12 (12) 2032-2045; DOI: 10.2215/CJN.11491116.
2. KDOQI. KDOQI Clinical Practice Guidelines and Clinical Practice Recommendations for Diabetes and Chronic Kidney Disease. Am J Kidney Dis 2007; 49:S12.
3. Diabetic Nephropathy: Diagnosis, Prevention, and Treatment. Jorge L. Gross, Mirela J. de Azevedo, Sandra P. Silveiro, Luís Henrique Canani, Maria Luiza Caramori, Themis Zelmanovitz. Diabetes Care Jan 2005, 28 (1) 164-176; DOI: 10.2337/diacare.28.1.164.
သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ