ဆီးချိုရောဂါရှိပြီး ဆီးအတွင်း albumin ဓာတ် ပုံမှန်ရှိသော လူနာများတွင် DKD ရောဂါကာကွယ်ခြင်း
ဤလူနာများတွင် DKD ရောဂါကာကွယ်ခြင်းမှာ သိရှိပြီးသော ရောဂါဖြစ်စေမည့်အန္တရာယ်များဖြစ်ကြသည့် သွေးတွင်းသကြားဓာတ်ပမာဏ၊ သွေးတိုး၊ dyslipidemia (သွေးတွင်းအဆီဓာတ်များ မျှခြေမညီခြင်း)၊ ဆေးလိပ်သောက်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းအပေါ် အခြေခံပါသည်။
သွေးတွင်းသကြားဓာတ်ပမာဏ
သွေးတွင်းသကြားဓာတ်ပမာဏကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ခြင်းက ဆီးချိုလူနာများတွင် DKD ရောဂါကာကွယ်ရာ၌ သိသာသော အကျိုးသက်ရောက်မှု ရှိပါသည်။
ဆေးဘက်ဆိုင်ရာ စမ်းသပ်သုတေသနအချို့အဆိုအရ ဆီးချိုရောဂါ အမျိုးအစား 1 နှင့် 2 ရှိသော လူနာများတွင် Hb A1c (glycated hemoglobin) ပမာဏ 7% အောက် ရှိခြင်းက diabetic nephropathy (ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း) ရောဂါလက္ခဏာပြသမှုနှင့် အင်္ဂါအစိတ်အပိုင်း ယိုယွင်းမှု ဖြစ်နိုင်ခြေ လျော့နည်းမှုနှင့် ဆက်စပ်နေပါသည်။
Hb A1c ဆေးစစ်ချက်သည် (အောက်စီဂျင်သယ်ဆောင်သော သွေးနီဥဆဲလ်များအတွင်းရှိ ပရိုတိန်းဓာတ်ဖြစ်သည့်) hemoglobin ရာခိုင်နှုန်းမည်မျှကို သကြားဓာတ်ဖုံးထားကြောင်း (glycated) တိုင်းတာပါသည်။ Hb A1c ပမာဏ ပိုမြင့်တက်လေလေ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ပိုဆိုးရွားလေလေ ဖြစ်ကာ ဆီးချိုရောဂါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ချေ ပိုများလေလေ ဖြစ်ပါသည်။ Hemoglobin A1c ဆေးစစ်ချက်သည် လွန်ခဲ့သော နှစ်လမှ သုံးလအတွင်း သင်၏ ပျမ်းမျှ သွေးတွင်းသကြားဓာတ်ပမာဏအကြောင်း ပြသပြီး လူနာများအနေဖြင့် မိမိ၏ သွေးတွင်းသကြားဓာတ်ပမာဏသည် ရှိရမည့်ပမာဏအတွင်း ရှိမရှိ သိနိုင်အောင် ကူညီပေးပါသည်။
microalbuminuria နှင့် macroalbuminuria ဖြစ်ပေါ်လာခြင်းကို ကာကွယ်တားဆီးရန် A1c ပမာဏ 7% အောက် ရောက်ရှိရန် ရည်ရွယ်၍ သွေးတွင်းသကြားဓာတ်များခြင်းအား အထူးကြပ်မတ်ကုသပေးခြင်းကို စောနိုင်သမျှစောစော လုပ်ဆောင်သင့်ပါသည်။
အစားအသောက်ထိန်းခြင်းအပြင် ဆီးချိုကျဆေးတိုက်ခြင်း နှင့်/သို့မဟုတ် အင်ဆူလင်ဆေးပေးခြင်း နှစ်မျိုးရောလုပ်ဆောင်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်နိုင်ပါသည်။ ဤအကြောင်းအရာကို နောက်တွင် ဆက်ဖော်ပြပါမည်။
သွေးတိုးခြင်း (သွေးပေါင်တက်ခြင်း)
ဆီးချိုရောဂါကြောင့် ကျောက်ကပ် မထိခိုက်သေးချိန်၌ပင် ဆီးချိုလူနာများ၌ သွေးတိုးရောဂါ အတွေ့ရများပါသည်။
ယခင်ထက် သွေးပေါင်အနည်းငယ်ကျလျှင်ပင် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်ကို များစွာလျှော့ချပေးနိုင်ပါသည်.. ထို့ကြောင့် ဆီးချိုရောဂါ မရှိသော လူနာများထက် ဆီးချိုရောဂါရှိသော လူနာများတွင် သွေးပေါင်ပိုလျှော့ချရန် ရည်ရွယ်လုပ်ဆောင်ကြပါသည်။ ဆိုဒီယမ်ဓာတ်နည်းသော အစားအစာ စားသောက်ခြင်းအပြင် ACE inhibitors သို့မဟုတ် ARB ကဲ့သို့သော သွေးပေါင်ကျဆေး (antihypertensives) သောက်ခြင်းဖြင့် သွေးပေါင်လျှော့ချပေးနိုင်ပါသည်။ ဆီးချိုရောဂါ အမျိုးအစား 1 နှင့် 2 ရှိသော လူနာများတွင် နှလုံးနှင့် ကျောက်ကပ် မထိခိုက်အောင် ကာကွယ်ရန်အတွက် ACE inhibitors သွေးကျဆေးက အကျိုးကျေးဇူးရှိကြောင်း တွေ့ရှိရပါသည်။
အဆီဓာတ်များ (ကိုလက်စထရော)
ဆီးချိုရောဂါရှိသော လူနာများတွင် အဆီဓာတ် (ကိုလက်စထရောပမာဏ) ပိုလျှော့ချရန် ရည်ရွယ်လုပ်ဆောင်ကြပါသည်။ သင့်တွင် နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ရှိပါက အဆီဓာတ်ပမာဏ ပိုမိုလျှော့ချရန်ပင် ရည်ရွယ်လုပ်ဆောင်ကြပါသည်။
Statin များကဲ့သို့ ဆေးများ ပေးခြင်းဖြင့် အဆီဓာတ်လျှော့ချခြင်းက ဆီးချိုလူနာများတွင် ကျောက်ကပ်လုပ်ငန်းဆောင်တာကို ထိန်းသိမ်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်အချို့ ရှိပါသည်။
ဆီးချိုလူနာများ၏ ကိုလက်စထရော ပမာဏကို ထည့်သွင်းမစဉ်းစားဘဲ ထိုလူနာများတွင် statin ဆေးများ၏ အကျိုးကျေးဇူးများကို အချို့လေ့လာတွေ့ရှိချက်များက ဖော်ပြကြပါသည်။ ဆီးချိုရောဂါရှိသော လူနာများတွင် နှလုံးနှင့်သွေးကြောရောဂါဖြစ်ပွားမှု အန္တရာယ်ကို သိသိသာသာ လျှော့ချပေးပြီး နှလုံးသွေးကြောရောဂါအတွက် အနည်းဆုံး ထပ်ဆောင်း ရောဂါဖြစ်စေမည့်အန္တရာယ်တစ်ခုကို လျှော့ချပေးနိုင်ကြောင်း အခြားလေ့လာတွေ့ရှိချက်များက ဖော်ပြကြပါသည်။ ဆီးချိုလူနာအားလုံးအနေဖြင့် မိမိ၏ ကိုလက်စထရောပမာဏကို ထည့်သွင်းမစဉ်းစားဘဲ statin ဆေးများကို သောက်သင့်ကြောင်း ဤလေ့လာတွေ့ရှိချက်များက အကြံပြုနေပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်ခြင်းက ဆီးချိုလူနာများ၏ နှလုံးနှင့်သွေးကြောကျန်းမာရေးနှင့် အလုံးစုံကျန်းမာရေးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိပြီး microalbuminuria နှင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း ဖြစ်ပွားမှုကို နှောင့်နှေးစေနိုင်ပါသည်။
micro နှင့် macroalbuminuria ရှိသော ဆီးချိုလူနာများအတွက် ကုသနည်း
Microalbuminuria ရှိသော ဆီးချိုလူနာများအား ကုသရာတွင် အဓိကရည်ရွယ်ချက်မှာ micro မှ macroalbuminuria အဆင့်သို့ ကူးပြောင်းမသွားအောင် ကာကွယ်တားဆီးရန် ဖြစ်သည်။ Macroalbuminuria ရှိသော လူနာများတွင် အဓိကရည်ရွယ်ချက်မှာ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းမှုနှင့် နှလုံးနှင့်သွေးကြောရောဂါ ဖြစ်ပွားမှု ရပ်တန့်စေရန် သို့မဟုတ် နှောင့်နှေးစေရန် ဖြစ်ပါသည်။
ဤရောဂါအခြေအနေတွင် မြောက်များစွာသော လေးနက်သည့် ကုသနည်းဗျူဟာများ သုံးရမည်ဖြစ်သော်လည်း ကုသနည်း အခြေခံမူများမှာ diabetic nephropathy (ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု) ကြိုတင်ကာကွယ်ရေးအတွက် သုံးသည့် ကုသနည်းများနှင့် အတူတူပင် ဖြစ်သည်။ ကုသနည်းဗျူဟာများနှင့် ကုသရေး ရည်ရွယ်ချက်များကို ဤဇယားကွက်တွင် ဖော်ပြထားပါသည် -
ဆေးကုသနည်း |
Microalbuminuric |
Macroalbuminuric | |
ACE inhibitor နှင့်/သို့မဟုတ် ARB ဆေးပေးခြင်းအပြင် ပရိုတိန်းဓာတ်နည်းသော အစားအသောက် စားခြင်း (0.6 - 0.8 g per weight Kg per day) |
ဆီးအတွင်း albumin ပမာဏ လျှော့ချခြင်း သို့မဟုတ် ဆီးအတွင်း albumin ပမာဏ ပုံမှန်ဖြစ်အောင် လုပ်ခြင်း GFR တည်ငြိမ်အောင်လုပ်ခြင်း |
ဆီးအတွင်း ပရိုတိန်းဓာတ် နည်းနိုင်သမျှနည်းအောင် သို့မဟုတ် < 0.5 g/24h ဖြစ်အောင် လျှော့ချခြင်းအပြင် GFR < 2 ml per min per year ဖြစ်အောင် လျှော့ချခြင်း |
|
သွေးတိုးကျဆေးပေးခြင်း |
သွေးပေါင်အား 130/80 သို့မဟုတ် 125/75 mmHg အောက် ထိန်းထားခြင်း |
||
သွေးတွင်းသကြားဓာတ်ကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ခြင်း |
A1c < 7% | ||
Statin များ |
LDL ကိုလက်စထရော ပမာဏအား 100 mg/dl အောက် လျှော့ချခြင်း |
||
Acetyl salicylic acid |
Thrombosis (သွေးကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကို ကြိုတင်ကာကွယ်ခြင်း |
||
ဆေးလိပ်ဖြတ်ခြင်း |
Atherosclerosis (အဆီဓာတ်ကြောင့် သွေးလွှတ်ကြောအတွင်းနံရံ မာကြောခြင်း) ကို တားဆီးခြင်းနှင့် ကာကွယ်ခြင်း |
No filter results
Intensive blood glucose control
The effect of strict glycemic control on the progression from micro- to macroalbuminuria and on the rate of renal function decline in macroalbuminuric patients is still controversial. Although the effects of strict glycemic control on the progression of diabetic nephropathy are not firmly established, it should be pursued in all these patients.
Different oral antihyperglycemic agents can help control the blood sugar levels and can also be helpful in protecting the kidneys of diabetic patients. Ask your doctor to see which one would be best for you.
In patients who develop diabetic nephropathy oral antihyperglycemic medication may not be sufficiently effective as the pancreas may only be producing very low and insufficient levels of insulin resulting from the long duration of diabetes. Thus, most type 2 diabetic patients with diabetic nephropathy should be treated with insulin.
Intensive blood pressure treatment and renin-angiotensin system blockade
In microalbuminuric type 1 and type 2 diabetic patients, numerous studies have demonstrated that treatment of hypertension, irrespective of the agent used, produced a beneficial effect on albuminuria.
The use of ACE inhibitors and ARBs to block the renin-angiotensin system (RAS) confers an additional benefit on renal function. This renoprotective effect is independent of blood pressure reduction. These drugs also decrease the rate of progression from microalbuminuria to more advanced stages of diabetic nephropathy.
It is more important to reach the blood pressure goals than to use a particular drug.
Regardless of the strategy chosen to reach the blood pressure goal, three to four antihypertensive agents are usually necessary. However, due to the known protective effect of ACE inhibitors and ARBs on the kidney, treatment should start with either of these agents. ARBs and ACE inhibitors can be combined if there is no reduction in albuminuria or if blood pressure target levels are not reached, even before maximizing the dose of each agent alone. Additional agents such as diuretics, beta blockers or calcium channel blockers should be added as needed and on a case by case basis.
Diet intervention
Replacing red meat with chicken in the usual diet reduced urinary albumin excretion by 46% and reduced total cholesterol, LDL cholesterol, and apolipoprotein B in microalbuminuric patients with type 2 diabetes in a 4-week study. This was probably related to the lower amount of saturated fat and the higher proportion of polyunsaturated fatty acids found in chicken meat than in red meat.
A diet low in protein, low in sodium, low in carbohydrates, low in saturated but high in polyunsaturated fatty acids and rich in fiber can have a great impact in slowing DKD progression in diabetic patients with micro- or macroalbuminuria.
References
1. Radica Z. Alicic, Michele T. Rooney, Katherine R. Tuttle. CJASN Dec 2017, 12 (12) 2032-2045; DOI: 10.2215/CJN.11491116.
2. KDOQI. KDOQI Clinical Practice Guidelines and Clinical Practice Recommendations for Diabetes and Chronic Kidney Disease. Am J Kidney Dis 2007; 49:S12.
3. Diabetic Nephropathy: Diagnosis, Prevention, and Treatment. Jorge L. Gross, Mirela J. de Azevedo, Sandra P. Silveiro, Luís Henrique Canani, Maria Luiza Caramori, Themis Zelmanovitz. Diabetes Care Jan 2005, 28 (1) 164-176; DOI: 10.2337/diacare.28.1.164.
4. The Diabetes Control and Complications Trial Research Group: The effect of intensive treatment of diabetes on the development and progression of long-term complications in insulin-dependent diabetes mellitus. N Engl J Med 329:977–986, 1993.
5. UK Prospective Diabetes Study Group: Tight blood pressure control and risk of macrovascular and microvascular complications in type 2 diabetes: UKPDS 38. BMJ 317:703–713, 1998.
6. Fried LF, Orchard TJ, Kasiske BL: Effect of lipid reduction on the progression of renal disease: a meta-analysis. Kidney Int 59:260–269, 2001.
7. Mogensen CE: Microalbuminuria and hypertension with focus on type 1 and type 2 diabetes. J Intern Med 254:45–66, 2003.
8. The ACE Inhibitors in Diabetic Nephropathy Trialist Group: Should all patients with type 1 diabetes mellitus and microalbuminuria receive angiotensin-converting enzyme inhibitors? A meta-analysis of individual patient data. Ann Intern Med 134:370–379, 2001.
9. American Diabetes Association: Nephropathy in diabetes (Position Statement). Diabetes Care 27 (Suppl.1):S79–S83, 2004.
You might also like